MNP - သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်း က အမှတ် (၅) စစ်အခြခံလေ့ကျင့်ရေးတပ်၊ တပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဂုဏ်ပြုချီးမြှင့်စကား ပြောကြားခဲ့ပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း က ဂုဏ်ပြုချီးမြှင့်စကား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ရေတာရှည်မြို့နယ်အတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုချီးမြှင့်ငွေသိန်း (၅၀) ကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဂုဏ်ပြုချီးမြှင့်ငွေ (၃၉) သိန်းကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းမှ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဂုဏ်ပြုချီးမြှင့်ငွေ (၁၀)သိန်းကျပ်အား တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်မှ လည်းကောင်း၊ ရေတာရှည်တပ်နယ် ဂုဏ်ပြုချီးမြှင့်ငွေ (၅)သိန်းကျပ်အား ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းလှိုင်ဝင်းမှ လည်းကောင်း၊ ဌာနဆိုင်ရာဂုဏ်ပြုချီးမြှင့်ငွေ (၅) သိန်းကျပ်အား တောင်ငူခရိုင် စီမံဥက္ကဋ္ဌ ဦးစန်းလှိုင်မှ လည်းကောင်း၊ တောင်ငူခရိုင် ရဲတပ်ဖွဲ့ ဂုဏ်ပြုချီးမြှင့်ငွေ (၅ )သိန်းကျပ်အား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးမှ လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment