ဂွမြို့ တွင် သဘာဝဘေး အန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့ တွင် သဘာဝဘေး အန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်



MNP ၊ ဩဂုတ် ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပ ညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းကို  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရဟိုင်ကူးတို့ အ.ထ.က ကျောင်း၌ ယမန်နေ့၊ နေ့လည်၂နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေး အန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ  ဆောင်ရန် ရှောင်ရန်အချက်များနှင့် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို  ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရန်အတွက်  မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်းများပြုလုပ်ပြီးနောက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှေးဦးသူနာပြုစုခြင်း၊ အရေးပေါ်ကျန်းမာရေးပြသနာတစ်ခုခုကြောင့် ကြုံတွေ့လာပါက  ဆေးကု သမှုမခံနိုင်ခင် ကာလအတွင်း အသက်အန္တရာယ်ရှိတတ် အခြေအနေကို ရှေးဦးပြုစုနည်းဖြင့် လက် တွေ့ သရုပ်ဖော်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)