MNP ၊ ဩဂုတ် ၂
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျိုက် ထိုမြို့နယ်ဘဏ်ခွဲမှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ခုနှစ်မေ ဒုတိယပတ်မှစတင်၍ထုတ်ချေးပေးလျှက်ရှိ ကြောင်းသိရသည်။ယင်းသို့ထုတ်ချေးရာတွင်၂၀၂၀ ခုနှစ် မိုးရာသီချေးငွေနှင့် ဆောင်းရာသီချေးငွေ များနှင့်အတူကိုဗစ်(၁၉) ကာလများ၌ ရပ် ကွက်ကျေးရွာအုပ်စု များရှိချေးယူထားသည့်တောင်သူ များအားသတ်မှတ်ကာလအတွင်းအချိန်မီပေးသွင်းနိုင်၍မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ကျိုက်ထိုမြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးသန်းထွန်း နှင့်ဝန်ထမ်းများလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သော ဌာနများရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကစီစစ်၍ စိုက်ပျိုးစရိတ်ချေးငွေများကိုထုတ်ချေးပေးခြင်းဖြစ်သည်။
တာဝန်ကျေတောင်သူများ ဖြစ်သည့် ကျေးရွာဘဏ်(၁၇)ဘဏ်မှ တောင်သူ (၅၂၆)ဦးမှလယ်ဧက(၃၃၀၂) ဧကအတွက်လာရောက်ထုတ်ယူရာမြို့နယ်မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်မှလယ်တစ်ဧကလျှင်ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လယ်ဧက (၃၃၀၂)ဧကအတွက် ငွေ ကျပ် သိန်း (၄၉၅၃၀၀၀၀၀)ကျပ်အားဩဂုတ်၂ရက်နေ့ထိထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost

No comments:
Post a Comment