ပြည်ကြီးတံခွန်၊ ဆရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ချမ်းမြသာစည်၊ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF အကြမ်းဖက်အဖွဲက လက်လုပ်မိုင်းဖြင့် တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ကြီးတံခွန်၊ ဆရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ချမ်းမြသာစည်၊ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF အကြမ်းဖက်အဖွဲက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်



MNP ၊ ဩဂုတ် ၂

ယမန်နေ့ ဩဂုတ် ၁ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်၊ ဆရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ချမ်းတောင်အုပ်ချုပ်ရေးမှူးရုံးအား PDF အကြမ်းဖက်အဖွဲက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ဖြစ်စဉ်မှာ ဩဂုတ် ၁ရက် ည ၉နာရီခန့်က ပြည်ကြီးတံခွန်မြိုနယ်၊ ၅၆နှင့် ၁၃၀လမ်း ကြားရှိ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား PDF အကြမ်းဖက်အဖွဲက လက်လုပ်မိုင်းဖြင့် လာရောက် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အလားတူပင် ည ၈နာရီခန့်ကလည်း ချမ်းမြသာစည်မြိုနယ်၊ ဦးပွါးခုံးကျော်တံတားအနီးရှိ တောင်ရပ်ကွက်(ချမ်းတောင်) အုပ်ချုပ်ရေးမှူးရုံးကိုလည်း PDF အကြမ်းဖက်အဖွဲက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရုံးအတွင်းရှိ ရာအိမ်မှူး ဦးဝင်းဇော် အပါအဝင် အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရုံးရှေ့ရှိ Honda Fit ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)