တာမွေမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ





MNP ၊ ဩဂုတ်  ၂၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေး များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာဖတ်ခြင်းမှ ရရှိသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့ နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏ အကျိုးကို သယ်ပိုး ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီး ဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တာမွေမြို့နယ်ရှိ အမှတ်(၂၆) အခြေခံပညာ မူလတန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်၍ ကျောင်းသား/သူလေးများအတွက် ဗဟုသုတရဖွယ် သုတ/ရသစာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ ‌ကျောင်းသား/သူလေးများအား လူငယ်ရေးရာ အသိပညာပေး ဟောပြော ရာတွင် မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစဉ်အမြဲ ကြိုးစားအားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ အစဖြစ်သည့် ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းကိုလည်း အထူးရှောင်ကြဉ်သင့်ကြောင်း၊ အားလပ်ချိန်တွင် စာဖတ်ခြင်းနှင့် မိမိတို့ ဝါသနာပါသည့် အားကစားနည်းတစ်ခုခုကို ပြုလုပ်ခြင်းဖြင့် မိမိတို့၏ တစ်နေ့တာအချိန်များကို အကျိုးရှိစွာ အသုံးချရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အသိဉာဏ်ပညာဗဟုသုတတိုးပွား စေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများနှင့် အစိုးရဌာနဆိုင်ရာရုံးများ၌ နယ်လှည့် စာကြည့်တိုက်များ ဖွင့်လှစ်၍ သုတ/ရသစာအုပ်စာစောင်များအား စာဖတ်ပရိသတ်များနှင့် စာပေဝါသနာရှင်များ လက်ဝယ်အရောက် အခမဲ့ ကွင်းဆင်းလိုက်လံငှားရမ်းပေးလျက်ရှိပြီး နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်နေသော သတင်းအချက် အလက်များ၊ ပြည်တွင်း/ပြည်ပ သတင်းများနှင့် ပြည်သူများဗဟုသုတရဖွယ် အစီအစဉ်များကိုလည်း ဒီဂျစ်တယ် နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး အစီအစဉ်များကို We Love Tar mwe Facebook Page နှင့် တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)