နတ်မောက်မြို့နယ်၌ နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်၌ နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး



MNP - ဩဂုတ်   ၄


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက အင်းကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


နတ်မောက်မြို့နယ်တွင်၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး) ဆီထွက်သီးနှံ စိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များက  ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုး ရန် ပါဝင်သည့် ကျေးရွာများ၌ နေကြာ(မိုး)သီးညှပ်စိုက်ပျိုးဧက (၃၄၆၀၈) ဧကနှင့် သီးသန့် စိုက်ပျိုးဧက (၃၀၈၁) စုစုပေါင်း စိုက်ပျိုးဧက (၃၇၆၈၉) ဧကရှိပြီး စိုက်ပျိုးပြီးစီးသည့် နေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


သတင်း - ဥမ္မာခင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)