နတ်မောက်မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ဧကများတွင် ချက်ချင်းရိတ်၊ ချက်ချင်း စီးထောင်စနစ်များဖြင့် ရိတ်သိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ဧကများတွင် ချက်ချင်းရိတ်၊ ချက်ချင်း စီးထောင်စနစ်များဖြင့် ရိတ်သိမ်း

 



MNP - ဩဂုတ် ၄


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ဧကများတွင် ချက်ချင်းရိတ်၊ ချက်ချင်းစီး၊ ချက်ချင်းထောင်စနစ်ဖြင့် စတင် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။


ထိုသို့ ရိတ်သိမ်းရာတွင် ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်အုပ်စုရှိ တောင်သူ ဦးဘိုသိန်း၏ (၁)ဧက GAP စိုက်ခင်းတွင် (Quick Win) အစီအစဉ်ဖြင့် ချက်ချင်းရိတ်၊ ချက်ချင်းစီး၊ ချက်ချင်းထောင်စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။


နတ်မောက်မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသောမိုးနှမ်းစိုက်ဧက (၁၀၀၀၀) ဧက စိုက်ပျိုးထားရှိပြီး ထိုသို့ စိုက်ပျိုးချင်းဖြင့် အစားအစာ လုံခြုံစိတ်ချမှုရရှိစေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် GAP စိုက်နည်းစနစ်ဖြင့် မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ လိုက်နာဆောင်ရွက်လျက်ရှိရာ အရည်အသွေး ကောင်းမွန်သော နှမ်းများ ရရှိရေးနှင့် ရိတ်သိမ်းချိန်တွင် (FFA Acid) ပါဝင်မှုမရှိစေရန်၊ လေလွင့်ဆုံးရှုံးမှု   လျော့နည်းစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းထဲအရောက် သွားရောက်  ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)