MNP ၊ သြဂုတ် ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် သြဂုတ်လ (၁၁)ရက်မှ(၁၂)ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဲခေါင်ချောင်း၊ မယ်ဆိုင်ချောင်းတို့တွင် ရေများတက်လာပြီး တာချီလိတ်မြို့ပေါ်ရှိ တာလော့ရပ်ကွက်၊ ချစ်ကြည်ရေးတံတားအမှတ်(၁)၊ မကာဟိုခမ်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်(က)ရပ်ကွက်တို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ တာချီလိတ်မြို့တွင် ရေကြီးရေလျံဖြစ်ပေါ်မှုများကြောင့် ရေဘေးသင့်ပြည်သူများ၊ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်များ၊ လူမှုရးအသင်းအဖွဲ့များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို သြဂုတ်(၁၇)ရက် ညနေ(၄)နာရီခွဲက တာချီလိတ်မြို့ တာလော့ရပ်ကွက်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ တာချီလိတ် သဒ္ဒါပရဟိတအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မီးသတ်ဦးစီးဌာန၊ တာလာ့ရပ်ကွက်(၃၅) တို့အား စားသာက်ကုန်များ ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ ပုန်းထွန်ရပ်ကွက်(၉၂)တို့အား ထောက်ပံ့ပေးအပ်၍ လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ မယ်ခေါင်ရပ်ကွက်(၁၀၀)တို့အား ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးအောင်မြင့်က စည်ပင်သာယာရးဌာန၊ ရွှေတာချီလိတ် လူမှုကူညီရေးအသင်း၊ မကာဟိုခမ်း ရပ်ကွက်(၉၀)တို့အား ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရွှေမယ်ယန်း ပရဟိတအဖွဲ့တို့အား ထောက်ပံ့ ပေးအပ်၍လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ကုန်တင်၊ ကုန်ချအဖွဲ့၊ ဦးလှမိုး နာရေးကူညီမှုအသင်း၊ ဆန်ဆိုင်း(ခ)ရက်ကွက်(၆၀)တို့အား ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက အရန်မီးသတ်တပ်ဖွဲ့၊ ဆန်ဆိုင်း(က) (၉၈)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ရေကြီးရေလျံဖြစ်ပေါ်ခဲ့သည့် နေရာအား လိုက်လံကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
https://t.me/MyanmarNationalPost
No comments:
Post a Comment