မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလုံးပွဲအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားနှင့် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလုံးပွဲအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားနှင့် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်







MNP ၊ ဩဂုတ် ၁၈

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဒုတိယဆုရရှိခဲ့သော မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား တွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များနှင့် ပိုက်ကျော်ခြင်း ဆပ်ကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ 


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားကစားနည်းများအလိုက် ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များ ကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်း အသင်းတို့အနေဖြင့် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် မြင့်မားမှု၊ ကြံခိုင်မှုများဖြင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည့်အတွက် ထပ်မံဂုဏ်ပြုပေးရခြင်းဖြစ်ကြောင်း၊ အောင်ပွဲရ အားကစားသမားများအနေဖြင့် ပြည်နယ်ကိုယ်စားပြု အားကစားသမားကောင်းများမှသည် နိုင်ငံလက်ရွေးစင် အားကစားသမားများကောင်းများ ဖြစ်ထွန်းလာစေရေး စွမ်းစွမ်းတမံ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မွန်ပြည်နယ် အသက်(၁၉) နှစ်အောက် ဘောလုံးအသင်းအဖွဲ့ ခေါင်းဆောင် ဦးဝင်းခိုင်ထွန်းနှင့် ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူ ဒေါ်နွယ်နွယ်ထွေးတို့မှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသည့် မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဖလား (၁၀) မြို့နယ်၊ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ညနေပိုင်းက မော်လမြိုင်မြို့၊ကျောင်းသားအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် အလား အလားရှိသော လူငယ်မျိုးဆက်သစ် အားကစားသမား ရှာဖွေလေ့ကျင့်ပေးပြီး အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး အဖက်ဖက်မှ အထူးအလေးပေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားမြှင့်တင် မည်ဆိုလျင် လူငယ်တို့၏စွမ်းအားသည် အဓိကကျသည့်အတွက် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်း ပြည့်ဝမှု၊ စိတ်ဓါတ်ရေးရာမြင့်မားမှု စတဲ့အချက်များပေါ် မှီတည်နေခြင်းဖြစ်၍ လူငယ်၊ လူရွယ်များကို ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်ဘောလုံးအားကစား အဆင့်တန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အားကစားများကောင်းများပေါ်ထွက်လာစေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားကာ (၁၀) မြို့နယ်၊ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ်မော်လမြိုင် မြို့နယ် ဘောလုံးအသင်းနှင့်ချောင်းဆုံမြို့နယ် ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)