MNP ၊ ဩဂုတ် ၁၈
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များသည် ပြည်သူများ စာအုပ် စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွါးလာစေရေးအတွက် ယမန်နေ့ နေ့လယ်၂ နာရီက MobilLibrary မော်တော်ယာဉ်ဖြင့် သရက်ပင်ကွင်းကျေးရွာနှင့် ဆင်ဒင်ကြီး ကျေးရွာများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ သုတ/ရသ စာအုပ်များကို ငှါးရမ်း ပေးခဲ့သည်။
ထိုသို့ငှါးရမ်းရာတွင်ကျေးရွာနေပြည်သူများ ဆရာ၊ဆရာမများ မှ အားရဝမ်းသာစွာဖြင့် MobilLibrary မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသစာအုပ်များကိုငှါးယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှါးရမ်းပေးခဲ့ပြီး အသင်းဝင်စာငှားကတ်များကိုလည်း အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ငှါးပေးခြင်းမှာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေပြီး စာအုပ်၊စာစောင်များကို လွယ်ကူစွာ ဖတ်ရှု့လေ့လာကာ အသိပညာဗဟုသုတများ တိုးပွါးလာစေရေးတို့ အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment