MNP - ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်ရှိ ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင် ဩဂုတ် (၂၆) ရက်ည (၁၀) နာရီခွဲခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျွန်းတောရပ်ကွက်ရှိ ဆိုင်ကယ်နှင့်ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်၏ အောက်ထပ်မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအား မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် ရေဂါလန် (၁၂၀၀၀) ခန့် အသုံးပြုမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၄ ပေ× ၄၀ပေ သွပ်မိုး၊ အုပ်ညှပ်(၂)ထပ်အဆောက်အဦးနှင့် မော်တော်ဆိုင်ကယ်အစီး(၃၀) မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်းသိရပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူအား မိုးကောင်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - သန်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment