ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာသင်ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် သွားရောက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာသင်ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် သွားရောက်ဆောင်ရွက်




MNP - သြဂုတ်   ၁၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။


ထိုသို့သွားရောက် ဆောင်ရွက်ရာတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများကြိုက်နှစ်သက်သည့် စာအုပ်၊ စာစောင်များ၊ လူငယ်အသိပညာပေးများ၊ စိတ်ဓာတ်ခွန်အားဖြစ်စေသော စာပေများ၊ ဗဟုသုတဖြစ်စေသော စာအုပ်၊ စာစောင်များကိုဖတ်ရှုစေခြင်းဖြင့် စာဖတ်စွမ်းရည်များ မြှင့်မားလာစေရန်နှင့် စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။


မူလတန်းအောက်ဆင့် ကျောင်းသားကျောင်းသူများကို တိုင်းရင်းသားရုပ်ပြစာအုပ်ပါ ကလေးများစိတ်ဝင်စားဖွယ် ပုံပြင်များပြောပြခြင်း၊ မိမိတို့သဘောပေါက်နားလည်သမျှ ထပ်ဆင့်ပြန်လည်မျှဝေပြောပြစေခြင်း၊ နောင်လာမည့်အပတ်များတွင် အားလုံးပါဝင်ပြောပြနိုင်အောင် ကြိုးစားပြင်ဆင်ထားစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - မနန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)