အမ်းမြို့ အထက-၃ ၌ အသိပညားပေးပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားနည်းများ ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ အထက-၃ ၌ အသိပညားပေးပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားနည်းများ ပို့ချ



MNP ၊ ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်းကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်ပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့်  ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး   ပညာရည်မြင့်မား၍ ဗလငါးတန်ပြည့်ဝစေရန် ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို ယမန်နေ့ နေ့လည်က အမှတ်-၃ အခြေခံပညာအလယ်တန်းကျောင်း ၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှသရုပ်ပြ ပို့ချသင်ကြားခဲ့သည်။


အဆိုပါအသိပညာပေးဟောဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့ နယ်အားကစားမှူးဦးကျော်ဝေ က ကိုယ်ကာယလှုပ် ရှားခြင်းကြောင့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့်ကျန်းမာရွှင်လန်းပြီးစိတ်ကြည်လင်လန်းဆန်း မှုကိုရရှိစေပြီး ပညာသင်ကြားရာတွင်အထောက် အ ပံ့ကောင်းများရရှိစေရန်၊ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်စေရန်နှင့်ကျောင်းသား၊ကျောင်း သူ များအနေဖြင့် ဗလငါးတန် ပြည့်ဝစေရန်တို့ကိုရည် ရွယ် လျက်ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဝေ ဦးဆောင် ၍ ဝန်ထမ်းမှတက်ရောက်လာကြ‌သော ကျောင်သား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးအတွက် တိုက်ကွန်တို အားကစားနည်းများကို သရုပ်ပြသကာ ကိုယ်လက်လှုက်ရှားသင်ကြားပေရာ ပျော်ရွှင်စွာလိုက်ပါလေ့ကျင်းခဲ့ကြ ၍ မြို့နယ်အားကစားမှူး 

ဦးကျော်ဝေ ကအားကစားပစ္စည်းများအားထောက် ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)