ခန္တီးမြို့တွင် စာအုပ်စာစောင်ပြပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့တွင် စာအုပ်စာစောင်ပြပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်



MNP - ဩဂုတ်   ၆


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်ဘက်စုံဖွံ့ဖြိုးတက်ရေး အစီအစဉ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာအုပ်စာစောင်ပြပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ) တွင် ပြုလုပ်ခဲ့သည်။


အခမ်းအနား မစတင်မီနေ့လည်ထမင်းစားကျောင်းဆင်းချိန်တွင် ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။ ထို့နောက်အခမ်းအနားကို စတင်ရာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က စာတတ်ဖို့တင်မက ပညာတတ်ဖို့ပါလိုသည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးစိုးအောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဟောပြောခဲ့ကြပြီး အားကစားမှူးမှ အ.ထ.ကခွဲ(မြို့မ)ကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့စံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)