ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့ဝင်များ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့ဝင်များ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

 



MNP - ဩဂုတ်   ၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စိုက်ပျိုး‌ရေးဦးစီးမှူးဦး‌အောင်စိုးမိုး၊ ပေါက်ခေါင်းမြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့ဝင်များသည် ယမန်နေ့က လေးကြီးကျေးရွာ တောင်သူဦးတင်လှ၏ ကွင်းအမှတ် (၇၁၂) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးစေ့ထုတ်(၅) ဧကစိုက်ခင်းနှင့် ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။


အဆိုပါ တောင်သူ ဦးတင်လှ၏ ဝါမျိုးစေ့ထုတ်(၅)  ဧကတွင် ရွှေတောင်(၈)ဝါမျိုးကို စိုက်ပျိုးထားပြီး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၂) ဧကတွင် ရွှေတောင်(၈)၊ ငွေချည်(၆)၊ ငွေချည်(၉)၊ ငွေချည်(၁၁) ဝါမျိုးစေ့များကို စမ်းသပ်စိုက်ပျိုးထားရှိ‌ကြောင်း သိရပြီး၊ ဝါ(၁) ဧက၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ပျမ်းမျှသုံးသိန်းခွဲခန့်ကုန်ကျပြီး၊ ဝါကောက်ချိန် (သို့) ခူးဆွတ်ချိန်မှာတော့ တစ်ဧကလျှင် အနည်းဆုံးပိဿာ ရှစ်ရာလောက်ထွက်ရှိကြောင်း၊ ယခင်နှစ်က ဝါတစ်ပိဿာကို ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက်‌‌ခြေကိုက်ကြောင်း၊ ထို့ကြောင့်ဝါသီးနှံသည် တောင်သူများစိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း ဝါသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်တွင် ဝါကြီး၊ ချည်မျှင်ရှည် ဝါအပါအဝင် ဝါစိုက်ပျိုးဧက ၈၅၀၀ ခန့် လျာထားစိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)