မတ္တရာမြို့နယ်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများဆောင်ရွက်

 



MNP - ဩဂုတ်   ၆


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးကျော်စိုးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများသည် အသက် ၅ နှစ်မှ အသက် ၁၅ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ သံချဆေးများ တိုက်ကျွေးခြင်း၊ အပျိူဖော်ဝင် မိန်းကလေးများအား သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းနှင့် မူလတန်းကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လိုအပ်သော ဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ လက်ထောက်ကျန်းမာရေးမှူး ဦးကျော်စိုးလွင်မှ အထက်တန်းနှင့် အလယ်တန်းကျောင်းသား ကျောင်းသူများအား ကိုဗစ်ရောဂါအကြောင်း သိကောင်းစရာများနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး သံချဆေး၊ သံဓာတ်အားဆေးနှင့် ဓာတ်ဆားထုပ်များကို ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူခဲ့သည်။


ထို့ကဲ့သို့ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးထိုးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)