စဉ့်ကူးမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေး



MNP - သြဂုတ်    ၆


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးရွာနှစ်ရွာကို တတိယအကြိမ်မြောက် ချေးငွေများ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကာင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများဖြစ်သည့်  လက်ပန်ကုန်း၊ မြေနု၊ ကျွန်းတော်၊ ရွာတော်၊ ကျောင်းဆိပ်၊ အောင်ချမ်းသာကျေးရွာတို့အနက် မြေနုကျေးရွာနှင့် ကျွန်းတော်ကျေးရွာတို့မှ ကျေးရွာကော်မတီများကို ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှု၊ စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံ ငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြေနုကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၉၅) ဦးထံသို့ ချေးငွေ (၂၂.၉) သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၆၇) ဦးထံသို့ ချေးငွေ(၁၀.၂)သန်း၊ ကျွန်းတော်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၁၄)ဦးထံသို့ ချေးငွေ (၂၇.၄)သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၆၇)ဦးထံသို့ ချေးငွေ (၆၉.၅)သန်း၊ စုစုပေါင်းကျေးရွာနှစ်ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၃၄၆) ဦးအတွက် ချေးငွေ (၆၇.၈၅) သန်းအား ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များထံသို့ ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့က  တတိယအကြိမ်မြောက် လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာကော်မတီ များမှအသင်းသားများလက်ဝယ်သို့ နေ့ချင်းပြီး ပြန်လည်ထုတ်ပေးခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးထံမှ သိရသည်။


သတင်း - တင်ဇာလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)