MNP - သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်၏ဦးဆောင်မှုဖြင့် ဖွင့်လှစ်မည့် ဟိုတယ်နှင့်ခရီသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၌ Yamonnar Oo Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်သူဦးမှ အဖွင့်အမှာစကား ပြောကြားခဲသည်။ ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသူများကို နှုက်ခွန်းဆက်သခဲ့ပြီး ငွေဆောင်ဒေသရှိ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်ဘာသာစကားပြော သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမှာစကားပြောကြားပြီးနောက် ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် သင်တန်းHand Outများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်)မှ တာဝန်ရှိသူ ဦးအောင်အောင်လင်းမှ ကျေးဇူးတင်စကား ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားပြီးဆုံးကြောင်းကြေငြာခဲ့သည်ဟု သိရသည်။
အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၅.၈.၂၀၂၂မှ ၄.၉.၂၀၂၂ အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ကျော်လင်းဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment