MNP ၊ ဩဂုတ် ၃
မွန်ပြည်နယ်၊ သထုံမြို့၊ ရွှေစာရံစေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်း မွန်ကျောက်စာများအပါအဝင် သမိုင်းဝင်ရှေးဟောင်းကျောက်စာများ ယဉ်ကျေးမှုအမွေအနှစ်များကို မွန်တိုင်းရင်းသားရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များပါဝင်သည့် မွန်ကျောက်စာသင်တန်းသားများ လေ့လာရေးခရီးစဉ်အဖြစ် ယနေ့ နံနက်ကလာရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
လာရောက်လေ့ရာတွင် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးနှင့် ရွှေစာရံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များတို့က ရွှေစာရံစေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်းမွန်ကျောက်စာတိုက်၊ သိကြားစေတီပေါ်ရှိ ရှေးဟောင်းဗုဒ္ဓဝင်ကျောက်ချပ်များ၊ ရသေ့ကြီးဦးခန္တီလှူဒါန်းထားသည့် ပိဋကတ်တော် ပါဠိကျောက်စာများ၊ ငှက်တွင်းကျောင်းတိုက်ရှိ ရှေးဟောင်းအုတ်ခွက်ရုပ်ပွားတော်များ၊ ကလျာဏီသိမ်တော်နှင့် သိမ်တော်ရှိ ရှေးဟောင်း ဗုဒ္ဓဝင်ကျောက်ချပ်များ စသည်တို့ကို လိုက်လံရှင်းလင်ပြသပေးပြီး လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလေ့လာရေးအဖွဲ့တွင် မွန်ကျောက်စာပညာရှင်နှင့် ဝါသနာရှင် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၂၀ ဦးခန့် ပါဝင်ပြီး သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ရှိ ကျောက်စာများ၊ သမိုင်းဝင်အထင်ကရများကို ကြည့်ရှုလေ့လာသွားကြမည်ဖြစ်ကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost







No comments:
Post a Comment