MNP ၊ ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုး နှံရန်ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံ ပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသူများကို ခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment