MNP ၊ ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ ဆီးချိုသွေးချို၊ သွေးတိုးရောဂါများဖြစ်ပွားမှု လျော့ကျစေရေး၊ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေး၊ ၎င်းရောဂါများအားပုံမှန်စစ်ဆေးနိုင်ရေးအတွက် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါများကို စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့စမ်းသပ်စစ်ဆေးကုသပေးရာတွင် အသက်(၄၀)နှစ်အထက် မည်သူမဆို လာရောက်စစ်ဆေးကုသမှုခံယူနိုင်ပြီး လာရောက်စစ်ဆေးသူများအား ကိုယ်အလေးချိန်၊ အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဆီးချိုသွေးချိုများစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက အပတ်စဉ်(ဗုဒ္ဓဟူး)နေ့တိုင်း နံနက်(၉)နာရီခွဲမှ ညနေ(၃)နာရီထိ စမ်းသပ်စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(မိုးညို)
https://t.me/MyanmarNationalPost


No comments:
Post a Comment