ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်




MNP - ဩဂုတ်   ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ခဲ့သော ပြည်သူများအတွက် ထောက်ပံ့ပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် (၄.၈.၂၀၂၂) ရက်နေ့၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးသွားသော ဝေပုလ္လဘုန်းတော်ကြီးကျောင်းရှိ သံဃာနေကျောင်းဆောင် (၁)ဆောင်အတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဘုန်းမောင်နှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)