MNP - ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက်ပိုင်းက ရေနံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် (စတုထ္ထ) အကြိမ် ထိုးနှံပေး ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာကျန်းမာရေးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့် အထက် (Booster Dose) ထိုးနှံရန်ကျန်ရှိသော ပြည်သူ (၅၅)ဦးအား (စတုထ္ထ)အကြိမ် ကာကွယ်ဆေး (Covishield) ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကာကွယ်ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ် ဆောင်ရွက် ပေးကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment