MNP - ဩဂုတ် ၂၁
(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟို)အဆင့် တွင် အောင်မြင်စွာ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး နာယက ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးနာယက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အဆင့် ပြိုင်ပွဲကိုကျင်းပ၍ ရွေးချယ်ခံရသူများအနေဖြင့် ဗဟိုအဆင့်တွင် အနုပညာအရည်အသွေး ပြောင်မြောက်စွာ ယှဉ်ပြိုင်အနိုင်ရရှိရေး ပညာရှင်များ၊ နည်းပြများဖြင့် စခန်းသွင်းအနီးကပ် လေ့ကျင့်သင်ကြားပေးရန် လိုမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ယခင်ကထက်ပိုမိုသည့် အောင်မြင်မှုများရရှိရန် အောင်မြင်မှုများ ရရှိရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက တွန်းအားပေးဆောင်ရွက်ကြဖို့လိုကြောင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှလည်း လုပ်ငန်းတာဝန်များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း လမ်းညွှန်အမှာစကားပြောကြား သည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို ပြည်နယ်အဆင့် ပြိုင်ပွဲ ကျင်းပရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အရည်အချင်းပြည့်မီစွာ သွားရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြကာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment