မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စလင်းနယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စလင်းနယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

 




MNP - ဩဂုတ်   ၂၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန် နေ့က စလင်းမြို့နယ်အတွင်းရှိ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများအဖွဲ့သည် စလင်းမြို့ မြေမိကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရှမ်းရွာကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်းတန်းသို့ သွားရောက်၍ သင်တန်းသူများ၏ လက်ဆေးဆပ်ပြာရည် လက်တွေ့ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက စလင်းမြို့နယ် လက်ပံကျင်းရွာရှိ တောင်သူဦးသန်းစိုး၏ ချည်မျှင်ရှည်ဝါ ငွေချည် - ၁၁ (၁၁)ဧက စိုက်ခင်းနှင့် အင်ကြင်းပင်လှ အနောက်ရွာရှိ တောင်သူ ဦးခင်မောင်ဌေး အပါအဝင် တောင်သူ(၇)ဦး၏ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး မျိုးစေ့ထုတ် စိုက်ခင်းရှိ ရေးဆင်း(၁)စပ်မျိုး ၁၅ ဧကနှင့် ဆင်းရွှေကြာ(၂) ၁၀ ဧက စိုက်ခင်း စိုက်ပျိုးထားရှိမှုများကို သွားရောက်ကြည့်ရှုပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးရေကဏ္ဍနှင့် သီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေ ရရှိရေးတင်ပြမှုများအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်ပြီး မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စလင်းမြို့နယ် လင်းဇင်းရေလှောင်တမံသို့ သွားရောက်၍ ရေလှောင်တမံအတွင်း ဆည်ရေဝင်ရောက်မှုနှင့် စိုက်ပျိုး ရေဖြန့်ဝေဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့ပြီး တောင်သူများ စိုက်ပျိုးရေ ပြည့်ဝစွာရရှိနိုင်စေရေး စနစ်တကျ ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။


ထို့မှတစ်ဆင့် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်သို့ သွားရောက်ပြီး မြို့နယ်လ.ဝ.ကရုံး၌ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား Computer Software Program ရေးသွင်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံနေကြာကို လျာထားချက် ပြည့်မီးစွာ အချိန်မီစိုက်ပျိုးနိုင်ရေးမှာကြားပြီး မြို့နယ်ထွေ/အုပ် စုပေါင်းရုံး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)