MNP - သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ် လုပ်မှုတိုးတက်မြင့်မားရေး အတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည် သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းအား သြဂုတ်လ ၂၀ ရက်နေ့တွင် တခွဲကျဲကျေးရွာနှင့် မြောက်နန်ချွန်ကျေးရွာတို့၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့နှင့် သက်ဆိုင်သည့် အချက်အလက် များကို ပညာပေးဆွေး နွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည် ရှင်းလင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့ပြသ၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နေဗီယာမြက်မျိုးရင်းစိုက်ပေးခြင်း၊ မျိုးဖြန့်ပေးခြင်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment