MNP ၊ သြဂုတ် ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သံတွဲ-ဂွလမ်းပေါ်ရှိ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာအထွက် မိုင်တိုင်အမှတ် (၇၇/၄နှင့်၇၇/၅)ကြားရှိတံတားအမှတ်(၃/၇၈)ရှော်ဖြူတောင်တံတား(၆၀)ပေသည်Transom၊ Stringer၊ သစ်သားကြမ်းခင်းများကြံခိုင်မှုအားနည်း၍ ယာဉ်များ ဖြတ်သန်းသွားလာပါက အန္တရာယ်ရှိနိုင်သဖြင့် သြဂုတ်လ(၁)ရက်နေ့မှ စတင်ကာခေတ္တပိတ်၍ ပြင်ဆင်လျက်ရှိရာ ယနေ့ညနေ(၅)နာရီ ၄၀မိနစ်တွင် တံတားပြုပြင်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သဖြင့် တာဝန်ရှိသူများက ယာဉ်များကို မူလအခြေအနေအတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment