ဂွမြို့တွင် ရှားဖြူကွင်းကျေးရွာရှိ ဂွ-ငါးသိုင်းချောင်းကားလမ်း တွင် ဒဏ်ရာရသူအမျိုးသမီးတစ်ဦးနှင့် ဦးခေါင်းပွင့်သေဆုံးနေသူ အမျိုးသမီး(၂)ဦးအား တွေ့ရှိရာမှ ခိုးဝင် ဘင်္ဂလီများ ဆက်လက်ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် ရှားဖြူကွင်းကျေးရွာရှိ ဂွ-ငါးသိုင်းချောင်းကားလမ်း တွင် ဒဏ်ရာရသူအမျိုးသမီးတစ်ဦးနှင့် ဦးခေါင်းပွင့်သေဆုံးနေသူ အမျိုးသမီး(၂)ဦးအား တွေ့ရှိရာမှ ခိုးဝင် ဘင်္ဂလီများ ဆက်လက်ဖမ်းဆီးရမိ





MNP ၊  သြဂုတ်   ၂

ရခိုင်ပြည်နယ်၊ ဂွမြို့၌ ယမန်နေ့ညက ရှားဖြူကွင်းကျေးရွာရှိ ဂွ-ငါးသိုင်းချောင်း မိုင်တိုင်အမှတ် ၄၄/၁နှင့် ၄၄/ဝကြား ကားလမ်းပေါ်တွင် ဒဏ်ရာရသူအမျိုးသမီးတစ်ဦးနှင့် ဦးခေါင်းပွင့်သေဆုံးနေသူ အမျိုးသမီး(၂)ဦးအား တွေ့ရှိရာ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မစခန်းမှူး ဒုရဲမှူးဝင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်သေများ သွားရောက် စစ်ဆေးခဲ့ရာမှ တရားမဝင် ခိုးဝင်ဘင်္ဂလီများအား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၁)ရက်နေ့ည (၁၁)နာရီခန့်က ကားလမ်းပေါ်တွင် ဒဏ်ရာရသူအမျိုးသမီးတစ်ဦးနှင့် ဦးခေါင်းပွင့်သေဆုံးနေသူ အမျိုးသမီး(၂)ဦးအား မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်သေများက သွားရောက် စစ်ဆေးကြည့်ရှုခဲ့ရာ ၎င်းတို့နှစ်ဦးမှာ ဘင်္ဂလီလူမျိုးများ ဖြစ်ကြပြီး ယာဉ်တစ်စီးစီးပေါ်က ပြုတ်ကျကျန်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရသဖြင့် ဗေဒါပူးပေါင်းစစ်ဆေးရေးဂိတ်အား ယာဉ်များကို စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် အကြောင်းကြားခဲ့ကြောင်း၊ ထိုသို့စစ်ဆေးနေစဉ် ၆ဘီးကား အဖြူရောင်မော်တော်ယာဉ်မှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ရေကြည်မြို့နယ်မှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့နှင့် ပူးပေါင်း၍ လိုက်လံဖမ်းဆီးခဲ့ရာ သြဂုတ်လ(၂)ရက်နေ့ နံနက်(၀၀:၀၃)နာရီတွင်  ဂွ-ငါးသိုင်းချောင်းကားလမ်းရှိ ဒေသခေါ် (၁၉)မိုင်တွင် ရပ်တန့်ထားသည်ကို တွေ့ရှိရပြီး ယာဉ်ပေါ်ရှိလူများ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်းနှင့် ယာဉ်ပေါ်တွင် ဘင်္ဂါလီလူမျိုးများ၏ အသုံးအဆောင်များ ဖြစ်နိုင်ကြောင်း၊ ယာဉ်ကြမ်းခင်းတွင်လည်းအပေါက်ဖောက်ထားသည်ကို တွေ့ရကြောင်း၊ ပူးပေါင်းအဖွဲ့မှ  ဂွ-ငါးသိုင်းချောင်းကားလမ်း တစ်လျှောက် ဆက်လက်ရှာဖွေခဲ့ရာ ဒေသခေါ် (၂၅)မိုင်နေရာ တောအတွင်းတွင် ဘင်္ဂါလီ ကျား(၉)ဦး၊ မ(၁၀)ဦး၊ ကလေး မ(၃)ဦး စုစုပေါင်းတရားမဝင် ခိုးဝင်ဘင်္ဂလီ (၂၂)ဦးအား ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ဂွမြို့နယ်ရဲတပ်ဖွဲ့နှင့် သက်သေများက ကားလမ်းတစ်လျှောက် စစ်ဆေးဆောင်ရွက်ခဲ့ရာ  နံနက်(၇:၁၅) နာရီအချိန်တွင် ဂွ-ငါးသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် ၃၉/၁နှင့် ၃၉/ဝကြား တွင်လည်း ဘင်္ဂါလီ ကျား(၁)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါဖမ်းဆီးရမိသူများကို အမှုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)