ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်




MNP ၊ သြဂုတ် ၂

ကချင်ပြည်နယ်၏ ဘောလုံးအားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းရှိ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက ကြီးမှူး၍ ဒေသတွင်း ဘောလုံးအားကစား တိုးတက်မြင့်မားရေး၊ လူငယ်/လူရွယ်များ


အားကစားတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် (၃)လကြာ ကျင်းပပြုလုပ်ခဲ့သည့် မနောလိဂ်အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ အမှတ်ပေး ဖလားနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် Kachin Real နှင့် Junior Star ကလပ်အသင်း တို့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ကလပ်အသင်းနှစ်သင်း၏   ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် အမှတ်ပေးလိဂ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ ကြသော ဌာနဆိုင်ရာများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ ပြည်နယ် အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်ဇနီး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများက အမှတ်ပေးဇယားအဆင့်အလိုက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က အကောင်းဆုံးနည်းပြုဆု၊ အကောင်းဆုံးကစားသမားဆုများ ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်ပေးဖလား ချန်ပီယံဆုရ Kachin Real အသင်း အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊အမှတ်တရလက်ဆောင်နှင့်ချန်ပီယံဒိုင်းဆုတို့ အားပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)