မလှိုင်မြို့နယ်၊ ကျောင်းစု(အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၊ ကျောင်းစု(အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး



MNP - သြဂုတ်   ၁၈


မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ကျောင်းစု(အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်းနှင့် ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မလှိုင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ် ၄၂.၈၈ သန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ တင်ဒါအောင်မြင်သည့် MKT Global Engineering ကုမ္ပဏီက တာဝန်ယူပြီး အရှည် (ဝ/၄.၅) မိုင်ရှိသည့် ကျောင်းစု(အနောက်)ကျေးရွာ ကုန်ထုတ်လမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ပေ ၆၀ ၊အကျယ် ပေ ၂၀ ရှိ ရေကျော် တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လတတိယပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းလုပ်ငန်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းပြီးစီး၍ ကျောင်းစု(အနောက်)ကျေးရွာနှင့် အနီးပတ်ဝန်ကျင်းရှိ ကျေးရွာများ၏  စိုက်ပျိုးဧက ၂၅၀ မှ ထွက်ရှိသည့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)