ရေးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း (၁၇၀၀)ကျော်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း (၁၇၀၀)ကျော်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်




MNP - ဩဂုတ်   ၃၀


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ၂၀၂၂-၂၀၂၃ ဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသဖွံ့ရေးလုပ်ငန်းများအတွက် နယ်စပ်ဒေသဖွံ့ရေးပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၁၇၀၀ ကျော်ဖြင့် ဖွံ့ဖြိုး ရေးလုပ်ငန်း(၁၆)ခုကို ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ ရေးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသည် တိုင်းရင်းသားလူမျိုးများနေထိုင်သည့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးအတွက် ကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်း၊ မီးမရရှိသေးသည့် ကျေးရွာများတွင် ဆိုလာများတပ်ဆင်ပေးခြင်း၊ စာသင်ကျောင်းများ၌ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်းစသည့် လုပ်ငန်းများ အပါအဝင်လုပ်ငန်း (၁၆)ခုကို ငွေကျပ် သန်း(၁၇၀၀)ကျော်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)