MNP - ဩဂုတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာ ရေးနှစ်အတွင်း အောင်မြေရိပ်သာကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာတွင် ပြည်ထောင်စု ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်(၈၁.၆၂)သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ၊ ထုံးဖိုကျေးရွာအုပ်စု၊ ထုံးဖိုကျေးရွာတွင် နေပြည်တော်ကောင်စီရန်ပုံငွေကျပ်(၇.၇၀) သန်းဖြင့် ကျေးလက်ရေရရှိရေး(အခြား)လုပ်ငန်းများ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာတွင် နေပြည်တော်ကောင်စီ ရန်ပုံငွေကျပ်(၄၅)သန်းဖြင့် (KG)စာသင်ကျောင်းဆောင်သစ်တည်ဆောက်နေမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးတင်မောင်အေး၊ ဥတ္တရခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဆက်နိုင်ထွန်းနှင့်အဖွဲ့တို့က စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးတို့ကို အလေးထားလိုက်နာဆောင် ရွက်ရေး သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များအား ရှင်းလင်းမှာကြားခဲ့သည်။
အောင်မြေရိပ်သာကျေးရွာတွင် ကုန်ထုတ်လမ်း(မြေသား+ရိစာ) အရှည်ပေ (၁)မိုင်၊(၄.၈၉) ဖာလုံ ဖောက်လုပ်ခြင်းနှင့်ကွန်ကရစ်တံတား၊ Slab Culvert တည်ဆောက်ရေးလုပ်ငန်း၊ ထုံးဖို ကျေးရွာတွင် ရေဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်တည်ဆောက်ရေးလုပ်ငန်း၊ ဂွေးပင်ကျေးရွာတွင် အလျား(၆၀)ပေ၊အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေရှိ (KG)စာသင်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - တင်စိုးလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment