MNP - ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲအား ယမန်နေ့ မွန်းလွှဲ ၃ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရဲမှူး သိန်းဇော် က လူကုန်ကူးမှုအန္တရာယ် အကြောင်းသိကောင်းစရာများ၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်လင်း က လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက လူကုန်ကူးခံရပါက ဆက်သွယ်ဆောင် ရွက်ရမည့် နည်းလမ်း အကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က လူကုန်ကူးခံခဲ့ရသူများ၏ ဖြစ်ရပ်မှန်အကြောင်းအရာ များအား အသီးသီးဟောပြောခဲ့ကြပါသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ ပြသထားသော နံရံကပ်စာစောင်များအား ကြည့်ရှု့ခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲအား ကျောင်းသား/ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်အား သိရှိလာစေရန်၊ လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်စေရန်၊ အသိပညာဗဟုသုတများ တိုးပွါးလာ စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment