တာမွေမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချ



MNP - ဩဂုတ်   ၂၁


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား ဈေးနှုန်းချိုသာ စွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Six Winner Brothers Co.,Ltd. မှ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် လက်ဝဲမင်းဒင်လမ်းတွင် ( Mobile Market ) ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြသည်။


အဆိုပါ တာမွေမြို့နယ်အတွင်း ( Mobile Market ) ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေ များအား တာမွေ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ တာမွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများကို ( Mobile Market ) ဖွင့်လှစ်၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးရာတွင်  စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် (၄၃၀၀/-)နှုန်းဖြင့် စားသုံးဆီပိဿာ ချိန်ပေါင်း (၂၀၀)ကျော်အား ရောင်းချပေးခဲ့ရာ မြို့နယ် အတွင်းရှိပြည်သူများ တစ်ခဲနက် လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။


“ စားသုံးဆီ ဈေးနှုန်းမြင့်တက်နေတဲ့ ယခုလိုအချိန်မှာ ကျွန်မတို့ ပြည်သူတွေအနေနဲ့ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေ‌ရေးအတွက် ရောင်းချပေးတာဟာ ကျွန်မတို့ ဒေသခံပြည်သူတွေအတွက် ငွေကြေးကုန်ကျစရိတ်လည်း သက်သာပါတယ်။ နောင်လည်း အခုလို စားသုံးဆီတွေကို ချိုသာသောဈေးနှုန်းများနှင့် ရောင်းချပေးစေချင်ပါတယ်။ နောက်တစ်ခုက ဆီလာရောက် ဝယ်ယူ ကြတဲ့ လူတွေထဲမှာ တစ်ချို့က ကိုယ်တိုင်စားသုံးတာမဟုတ်ဘဲ မိသားစုလိုက် ဒီမှာလာရောက်တန်းစီဝယ်ယူပြီး တစ်ဖက်ကို တစ်ဆင့်ခံအနေနဲ့ အမြတ်တင်ရောင်းချမှုတွေက ရှိနေတဲ့အတွက် ကျွန်မတို့လို အမှန်တကယ် စားသုံးသူတွေအနေနဲ့ ဆီ(၅၀)ဘူးတစ်ဘူး ဝယ်ယူနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ တွေအနေနဲ့ အမှန်တကယ် စားသုံးတဲ့ ပြည်သူတွေရဲ့ လက်ဝယ်အရောက် ဝယ်ယူရရှိစားသုံးနိုင်ဖို့အတွက် စနစ်တကျ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေချင်ပါတယ် ” ဟု စားသုံးဆီ လာရောက်ဝယ်ယူသူ ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)