တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင်(၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင်(၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ



MNP - ဩဂုတ်   ၂၁


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး  ပြူကန်ကျေးရွာတွင် (၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကွင်းအမှတ်(၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ ကျင်းပကြောင်း သိရ သည်။


သရုပ်ပြပွဲတွင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်က၊ တောင်သူများအနေဖြင့် သမာရိုးကျ စိုက်ပျိုးနေမှုအစား ယခုကဲ့သို့ (၁၀)တန်းသွား မျိုးစေ့ချ ကိရိယာ ဖြင့် စိုက်ပျိုးခြင်းအားဖြင့်လုပ်သားရှားမှုပြဿနာမှ ကျော်လွန်အောင် ဖြေရှင်းဆောင်ရွက်နိုင်ပြီး၊ ပြီးစီးမှု အားဖြင့် မြန်ဆန်၍ အချိန်ကုန်ကျမှု သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုမှာ တစ်ဧကလျှင်(၈)ပြည်မှ (၁၂) ပြည်အထိသာ ကုန်ကျခြင်း၊ စပါးမျိုးစေ့အား စိုက်ပျိုးရန် ရေ(၁)ရက်နှင့်(၁)ည စိမ်၍ နောက်တစ်နေ့တွင် စိုက်ပျိုးနိုင်ခြင်း၊ တန်းကြားညီညာမှုရှိ၍ကြားပေါင်းလိုက်ရန် လွယ်ကူခြင်း၊ လေဝင်လေထွက် ကောင်းမွန်သဖြင့် ပင်ပွားနှုန်းကောင်းမွန်ခြင်းနှင့် ပျိုးထောင်ပျိုးနှုတ်ရန် မလိုအပ်ခြင်းများကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သရုပ်ပြဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည် ။


(၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့  မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး တောင်သူများ၏ သိရှီလိုသည်များကိုမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကာ ယနေ့တွင် အဆိုပါကိရိယာဖြင့် မိုးစပါးအား (၃)ဧက စိုက်ပျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်ထံမှ သိရသည်။


သတင်း - ဦးရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)