MNP - သြဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇေလွင်ထက်နှင့် ဦးသူရိန်ဦးတို့က သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/ သတိပြုရန်/ ရှောင်ရှားရန်အချက်များအကြောင်းနှင့် မုန်တိုင်းအရောင်အဆင့် သတ်မှတ်ချက်များကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား/ သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မုန်ကြိုးဘေး အသိပညာပေး ပိုစတာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် (၂၀)ဗူးပါဖာ(၁)ဖာအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment