MNP - ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မကွေးခရိုင်စီမံအုပ်ချုပ်ရေရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဆောင်းတင်နှင့်အဖွဲ့ဝင်များ၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀)နာရီက ပရပ်ကြယ်ကျေးရွာနှင့် ကျခတ်ကန်ကျေးရွာများသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ မကွေးခရိုင်စီမံအုပ်ချုပ်ရေရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဆောင်းတင်က ကျေးရွာပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မကွေးခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ကျေးရွာနေပြည်သူများ လိုက်နာသိရှိနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မိမိရပ်ရွာလုံခြုံရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးခရိုင်စီမံအုပ်ချုပ်ရေရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပရပ်ကြယ်ကျေးရွာ ဘုန်းတော်ကြီးကျောသ်းတွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - နိုင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment