အောင်လံမြို့နယ်၌ e-ID Software Programme ရေးသွင်းခြင်းလုပ်ငန်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့် လာရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့နယ်၌ e-ID Software Programme ရေးသွင်းခြင်းလုပ်ငန်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့် လာရောက်ကြည့်ရှုစစ်ဆေး

 



MNP - ဩဂုတ်   ၆


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းဇော်နှင့်အဖွဲ့သည် ယမန်နေ့ညနေ (၄) နာရီက အောင်လံမြို့ သီတဂူ ကျောင်းတိုက်အတွင်း e-ID Software Programme ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်နှင့်အတူ အောင်လံ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ အောင်လံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိဦးစိုးနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များပူးပေါင်း၍ အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) အား e-ID Software Programme ရေးသွင်းခြင်းလုပ်ငန်းများ တိကျမှန်ကန်မှုရှိစေရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရန် အတွက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသည့် ဝန်ထမ်းများအခြေအနေ၊ စက်ကိရိယာ အခြေအနေ၊ အင်တာနက် (Wifi) ဆက်သွယ်ဆောင်ရွက်ရမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။


အောင်လံမြို့နယ်အနေဖြင့် e-ID Software Programme ရေးသွင်းခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၈) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ အောင်လံမြို့အတွင်း အိမ်ထောင်စု (၆၂၀၅၃) ရှိရာ ယခုအခါ ၁၅% ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အောင်လံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)