ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မြန်မာစကားပုံဆက်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မြန်မာစကားပုံဆက်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

 



MNP - သြဂုတ်   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန် ရည်ရွယ်၍ အလယ်တန်းအဆင့် မြန်မာစကားပုံဆက်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်း (၁)နာရီ က  ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန် က ကျောင်းသား၊ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တီထွင်ကြံဆနိုင်သည့် ဉာဏ်ရည်ဉာဏ်သွေးများ ရရှိစေရေး၊ မြန်မာစကားပုံများအား ရင်းနှီးကျွမ်းဝင်မှုရှိစေရေး တို့အတွက် ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၀)ဦး က မြန်မာ စကားပုံများဆက်ခြင်း ပြိုင်ပွဲ၊ စာအုပ်များ၏ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် စာသင်ကျောင်းမှာ ပညာရှာ၊ ရင်ဆိုင်သတ္တိကဗျာခေါင်းစဉ်များဖြင့် ကဗျာများရွတ်ဆိုခြင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြ၍ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ရုံးမှ ခင်းကျင်းပြသထားသော ကျန်းမာရေးအသိပညာပေး နံရံကပ်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)