MNP - ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီ က မျိုးဆက်သစ်က လေးသူငယ်များ စာပေဖတ်ရှုမှုမြင့်မားတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ပိုမိုကျယ်ပြန့် လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ကလေးများဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ကလေးများဖြင့် စုစုပေါင်း(၁၅)ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကိုပြုလုပ်၍ ပြိုင်ပွဲများတွင် ထူးချွန်သည့် ကျောင်းသား/သူလေးများအား မြို့နယ်တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မြင့်မြင့်ရီ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment