၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန် ကြွေးကျန်များပြေကျေရေး တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန် ကြွေးကျန်များပြေကျေရေး တွေ့ဆုံဆွေးနွေး




MNP - ဩဂုတ်    ၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေး တို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ထုတ်ချေးနိုင်ရေးနှင့် ၂၀၁၆ မိုးချေးငွေ အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေး ဆွေးနွေးပြောကြားခဲ့ကြသည်။ လက်ပံတန်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးတင်မောင်‌ဌေးက ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ထုတ်ချေးနိုင်ရေးနှင့် ၂၀၁၆ မိုးချေးငွေ အချိန်စေ့လွန် ကြွေးကျန်များ ပြေကျေရေးကိစ္စများနှင့်ပက်သတ်၍ တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ချေးငွေစစ်ဆေးရေး အတွင်းရေးမှူးများအား ရှင်းလင်း ပြောကြားခဲ့သည်။


 မိုးစပါးစိုက်ပျိုးစရိတ်ချေး ငွေအတွက် တစ်ဧကလျှင် ၁.၅ သိန်းနှုန်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅၃ အုပ်စုမှ အဖွဲ့ဝင်တောင်သူ ၅၂၀၀ ဦး၊ ဧက ၃၅၂၄၄ အတွက် ၅၂၈၆၆ သိန်း ထုတ်ချေးပြီး ချေးငွေ အပြေအကျေ ပြီးသည့် တောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ ဆက်လက် ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း လက်ပံတန်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)