မရမ်းကုန်းမြို့နယ်၌ ပြည်သူများအတွက် စားအုန်းဆီများအား သက်သာသောဈေးနှုန်း ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ပြည်သူများအတွက် စားအုန်းဆီများအား သက်သာသောဈေးနှုန်း ဖြန့်ဖြူးရောင်းချ



MNP - သြဂုတ်   ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်လမ်းညွှန်မှုဖြင့် မရမ်းကုန်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စာသုံးသူရေးရာ ဦးစီးဌာတို့ ပူးပေါင်း၍ MEICO စားသုံးဆီ အများပိုင်ကုမ္ပဏီ လီမီတက်က ယမန်နေ့ မွန်းလွဲပိုင်းတွင်  စားသုံးသူ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင် ဆီ ၁ ပိဿာ ၄၃၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာ ၂၀၀ အား အမှတ်(၄)    ရပ်ကွက်၊ အောင်မင်္ဂလာ ကျောင်းလမ်းရှိ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေး ခဲ့ကြောင်း သိရသည်။


အဆိုပါ ရောင်းချရာနေရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)