MNP - ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အခြင်အတွယ်နှင့်အရည်အသွေး သတ်မှန်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိကစက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(ကျိုင်းတုံ)၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အခြင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိမရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများ စနစ်တကျဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ပုံမှန်ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေးကောင်းမွန်သောစက်သုံးဆီများသာ ရောင်းချရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အရောင်းဆိုင်များရှိ စက်သုံးဆီလက်ကျန်စာရင်းများ တိုင်းတာစစ်ဆေးခဲ့ပြီး စက်သုံးဆီရောင်းချသူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းဥပဒေအတိုင်း လိုက်နာရောင်းချရန် အသိပညာပေးပြောကြားသည်။
စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်နှင့်အရည်အသွေး သတ်မှန်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရန်အတွက် စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ဇင်မြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment