MNP - ဩဂုတ် ၂၀
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ဈေးဆိုင်ခန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဒီးဆီ၊ မြို့နယ်လျှပ်စစ် ဦးစီးမှူး ဦးခင်မောင်စိုး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ (မြို့ပြ) ဦးသီဟအောင်တို့သည် ဈေးဆိုင်ခန်းရှင်များနှင့် တွေ့ဆုံ၍ မြို့မဈေးအတွင်း မီးလောင် မီးလန့်မှု မဖြစ်ပွားစေရန်အတွက် ဈေးဆိုင်ခန်းများ၊ ဈေးအဆောက်အဦများ၊ မီးအသုံးပြုလျက်ရှိသော ခေါက်ဆွဲဆိုင်၊ အကြော်ဆိုင်များ မီးဘေးသတိမှုရေး၊ အရေးပေါ် အသုံးပြုရန်အတွက် မီးသတ်ရေကန်များ ရေအမြဲ ဖြည့်တင်းထားရှိစေရေးနှင့် လျှပ်စစ်ကြိုးများ စနစ်တကျ သွယ်တန်းထားရှိရေး၊ ဈေးစောင့်များ၊ ဈေးသူ ဈေးသားများမှ မီးပေါ့ဆမှု မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို ကွင်းဆင်း အသိပညာပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - မေခမွန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment