MNP - ဩဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် The Union အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် တီဘီရောဂါရှာဖွေတွေ့ရှိမှုနှုန်းမြှင့်တင်ရေးစီမံချက်ဖြင့် ဒေါက်တာအိအိချော ဦးဆောင်သော တောင်ကြီးမြို့နယ် Mobile TB Team အဖွဲ့နှင့် ကျောက်တလုံးကြီး မြို့ ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး တိုက်နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉)နာရီခန့်က တီဘီရောဂါ(အခမဲ့) ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ တီဘီရောဂါရှာဖွေကုသခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်နှင့်အညီ တီဘီရောဂါသည်များ၊ တီဘီရောဂါသံသယရှိသူများနှင့် တီဘီရောဂါသည်မိသားစုဝင်များအား ကြိုတင်စာရင်းကောက်ယူခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ဆေးပေးခြင်းနှင့် တီဘီရောဂါရှိသူများအား တီဘီရောဂါဆေးဝါးများ အခမဲ့ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါက်တာအိအိချောက တီဘီရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင် ရွက်ရာတွင် တီဘီရောဂါကူးစက်နိုင်သော နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သောနည်းလမ်းများ၊ ရောဂါပျောက်ကင်းသည်ထိ (အခမဲ့)ကုသပေးနေသောနေရာများအား အသိပညာပေးဟောပြောခဲ့သည်။
သတင်း - စည်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment