စစ်တွေမြို့နယ်၌ မိုးမြေပဲစမ်းသပ်စိုက်ခင်းပြသခြင်းနှင့် အသိပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေမြို့နယ်၌ မိုးမြေပဲစမ်းသပ်စိုက်ခင်းပြသခြင်းနှင့် အသိပညာပေးဆွေးနွေး



MNP - ဩဂုတ်   ၄


စစ်တွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးမြေပဲစမ်းသပ်စိုက်ခင်းပြသခြင်းနှင့် အသိပညာပေး ဆွေးနွေးပွဲကို  ယမန်နေ့ညနေပိုင်းက စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ မှန်စီကျေးရွာ၌ တောင်သူ ဦးသန်းအေးကျော်၏ မိုးမြေပဲစိုက်ခင်း ၀ ဒသမ ၅၀ ဧက၌ ပြုလုပ်သည်။


အသိပညာပေးဆွေးနွေးပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းစိုးဦးက ကျေးလက်ဒေသလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်အေးက မိုးမြေပဲစမ်းသပ်ကွက်စိုက်ခင်း ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တောင်သူများအား မိုးမြေပဲစမ်းသပ်ကွက်စိုက်ခင်းအား လှည့်လည်ပြသရာ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။


မိုးမြေပဲစိုက်ပျိုးခြင်းဖြင့် ဆောင်းမြေပဲစိုက်ပျိုးရန် မျိုးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်၊ မြေပဲသီးနှံမျိုးစေ့ထုတ်လုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်၊ မိုးစပါးစိုက်ပျိုးရန် အခြေအနေမပေးသော သဲဆန်ကုန်းကြော လယ်မြေများတွင် မိုးမြေပဲသီးနှံအစားထိုး စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် ဒေသတွင်းမျိုး လိုအပ်ချက်ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မိုးမြေပဲစိုက်ပျိုးခြင်းကို စမ်းသပ်စိုက်ပျိုးခြင်းကို သရုပ်ပြသလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်အေးထံမှ သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)