MNP - ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပန်းခင်းအဆင့်(၂)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ၂၀၂၄ ခုနှစ်အတွက် သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်မှု Point ကောက်ယူခြင်းများ လုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ရခိုင်ပိုက်ဆိပ်ရပ်ကွက်သို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူ မြို့နယ်ရုံး လဝကမှူး ဒေါ်ပုမေချေ ဦးဆောင်သည့် ဝန်ထမ်းများက ရခိုင်ပိုက်ဆိပ်ရပ်ကွက်သို့ သွားရောက်ပြီး ၎င်းရပ်ကွက်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လာရောက်ပြုလုပ်သူ (၅၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လာသည့် အိမ်ထောင်စု (၃၃)စုတို့အား ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် အဆိုပါဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်အတွက် သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်မှု Point ကောက်ယူခြင်းအား GIS နည်းပညာဖြင့် ရပ်ကွက်ကျေးရွာများ၏ တည်နေရာ Point များကို Tablet (သို့) mobile phone ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment