MNP - သြဂုတ် ၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးချုပ်အဖွဲ့နှင့်ဌာနဆိုင်ရာများက ယမန်နေ့ နေ့လယ် ၉ နာရီအချိန်ခန့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က မဲစာရင်းဆိုင်ရာကိစ္စရပ်များ၊ ပန်းခင်းစီမံချက်နှင့် လူဦးရေစာရင်းပြစုနေမှုအခြေအနေများ၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ မိုးစပါးစိုက်ပျိုးရေးကိစ္စများ၊ မြေလွတ်မြေရိုင်းစားကျက်မြေပေါ် တရားမဝင် ကျူးကျော်နေထိုင်မှုများမရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ၊ မြို့နယ်အတွင်း ရေပေးဝေမှုနှင့် စနစ်ကျချွေတာသုံးစွဲရန် ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာဌာန အကြီးအကဲများက ပြန်လည် ဆွေနွေးပြောကြခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းလင်းကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment