မုဒုံမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်များအား ပညာရည်ချွန်ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်များအား ပညာရည်ချွန်ဆုချီးမြှင့်




MNP - သြဂုတ်   ၂၅


မွန်ပြည်နယ် မုဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ရှင်အရဟံခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ  ကျောင်းသား၊ ကျောင်းသူများမှ  ဂုဏ်ပြုသီချင်းသီဆို၍  အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်အစိုးရက နိုင်ငံအဝှမ်း ပညာရည်တိုးတက်မြင့်မားစေရန် အခြေခံပညာကျောင်းများကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးသလို ကျောင်းနေအရွယ် ကလေးများအားလုံး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဥပဓိရုပ်ကောင်းသည့် စာသင်ကျောင်းများအဖြစ် ပေါ်ထွန်းလာစေရန် နိုင်ငံတော်နှင့် ပြည်သူ လက်တွဲ၍ တည်ဆောက်ပေးနေကြောင်း၊ လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ပညာရေးကဏ္ဍသည် အောင်မြင်မှုထိပ်ဆုံးတွင် မားမားမတ်မတ် တည်တံ့သကဲ့သို့ မုဒုံမြို့နယ်၏ တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်းသည်လည်း ပြည်နယ်၏ ထိပ်ဆုံးတွင် နှစ်စဉ်အခိုင်အမာ ရပ်တည်လျက်ရှိကြောင်းနှင့် အရည်အသွေး မြင့်မားသော မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီး ပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် တာဝန်ရှိ ပညာရေးဝန်ထမ်းများမှ မိဘများနှင့် ပူးပေါင်းပြီး ညီညီညွတ်ညွတ်ဝိုင်းဝန်း ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက်  မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းနှင့်  ကျောင်းအုပ်ဆရာမကြီးတို့က  လာ မည့်ပညာသင်နှစ်တွင်   အောင်ချက်ရာခိုင်နှုန်း   ဆက်လက်တိုးတက်မြင့်မားစေရေး၊ ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စာသင်ကျောင်းဖြစ်အောင် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ  (၅)ဘာသာဂုဏ်ထူးရှင် ၂ ဦး ၊ (၃)ဘာသာဂုဏ် ထူးရှင်  ၆  ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်  ၂  ဦး ၊ (၁)ဘာသာဂုဏ်ထူးရှင် ၂၃  ဦးရှိပြီး အောင်ချက်  ၇၇  ဒသမ  ၅၉  ရာခိုင်နှုန်းဖြင့်   ပြည်နယ်အဆင့်  ဒုတိယ၊ မြို့နယ်အဆင့်ပထမ ရရှိခဲ့ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)