နတ်မောက်မြို့နယ်ရှိ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးထားသည့် မျိုးစေ့ထုတ်ဇုံကျေးရွာများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်ရှိ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးထားသည့် မျိုးစေ့ထုတ်ဇုံကျေးရွာများအား ကွင်းဆင်းကြည့်ရှု



MNP - ဩဂုတ်   ၂၅


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်း ဒါရိုက်တာနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိတို့မှ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးထားသည့် မျိုးစေ့ထုတ်ဇုံကျေးရွာများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါကျေးရွာများဖြစ်သည့် လေးအိမ်ကျေးရွာ ဝါစိုက်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းဒါရိုက်တာမှ ဝါသီးနှံအထွက်နှုန်းမြင့်မားစွာရရှိရေး လိုက်နာဆောင်ရွက်ရမည့် ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကို ဆွေးနွေးခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးထားသည့် တောင်သူများအား ဝါအရည်အသွေးနှင့် အထွက်နှုန်းကောင်းစေရန် လုပ်ဆောင်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးထားသည့် တောင်ထောင့်ကျေးရွာနှင့်  ရွာမွန်ကျေးရွာများရှိ စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ နတ်မောက်မြို့နယ်တွင်  ချည်မျှင်ရှည်ဝါဧက (၂၁၈၂၃) စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ဝါစိုက်ဧရီယာအားလုံး အရည်အသွေး၊ အထွက်နှုန်းကောင်းစေရန်နှင့် မျိုးစေ့ဝါများ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) မျိုးစေ့ထုတ် ဇုံဧက(၁၈၀) စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - လှဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)